သတင်း

AAလက်နက်ကိုင်အဖွဲ့မှ ပလက်ဝမြို့နယ်ရှိကျေးရွာမှရွာသား ၁၃၀ ကျော်ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

AAလက်နက်ကိုင်အဖွဲ့မှ ပလက်ဝမြို့နယ်ရှိကျေးရွာမှရွာသား ၁၃၀ ကျော်ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ချင်းပြည်နယ် ၊ ပလက်ဝမြို့ ၊ကျီးလေကျေးရွာမှ ရွာသား ၁၃၀ ကျော်ကိုဇန်နဝါရီ ၁၀ ရက်က AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီ KACC မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြကပြောသည်။ ရွာသားတွေကိုပထမခေါ်သွားတာက အယောက် ၈၀ ၊ နောက်ထပ် ၅၀ ထပ်ခေါ်တယ်။ ကျန်တဲ့ရွာသားတွေကိုလည်း အပြင်ထွက်ခွင့် မပေးတာ တပတ်လောက်ရှိပြီ။ ဘာကြောင့်လဲဆိုတာ သေချာမသိ ဘူး။ ရွာသားတွေလည်းအပြင်ထွက်လို့မရဘူး။ ပထမရောက်လာ ပြီးနေတယ်။ ဝက်တွေသတ်တယ်။ ထမင်းချက်ခိုင်းတယ်။ ကောင်မလေးတယောက်ကို အဓမ္မကျင့်ဖို့လုပ်တော့ ရွာသူကြီးကို သွားတိုင်တာ ရွာသူကြီးတွေကိုရိုက်တယ်။ အဲဒီလောက်ဘဲလောလောဆယ်သိရသေးတယ်။ အခုလက်ရှိလုံခြုံရေးပိုင်းကတော့ လာတာမရှိသေးဘူး။ အကူအညီတော့တောင်းထားတယ်။လုံခြုံရေး အခြေအနေကတော့စိုးနေတယ်လို့ဘဲပြောလို့ရမယ်ဟုပြောရေးဆိုခွင့်ရှိသူ ဦးစောမြကပြောသည်။ အဆိုပါ ကျီးလေကျေးရွာမှာ ပလက်ဝ
စေတနာနဲ့ ပြောတာပါ-သရဝဏ်(ပြည်) ထူးကြီးမူးကြီးဆွေးနွေးခန်း

စေတနာနဲ့ ပြောတာပါ-သရဝဏ်(ပြည်) ထူးကြီးမူးကြီးဆွေးနွေးခန်း

တစ်နေ့သ၌ ကျွန်ုပ်ထူးကြီး သည် ဘော်ဒါကြီး မူးကြီးနှင့်အတူ လမ်းထိပ် ဒေါ်ဘုမဘုံဆိုင်သို့ ထွင် လာခဲ့ရာ အရက်ဖြူတစ်ပိုင်းကုန် လောက်အကြာတွင် အမြည်းထွက် ဝယ်ရာမှ လွန်စွာဉာဏ်ရည်ထက်မြက် လှပြီး လွန်စွာမှလည်း နိုင်ငံရေးအ တွေးအခေါ် ကြွယ်ဝကာ စကားတတ် လှသောအသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် တွေ့ဆုံ စကားပြောခွင့်ရခဲ့လေ၏။ အမျိုးသမီး ကြီးအမည်မှာ ဒေါ်ဖြူဆိုကြပါစို့။ ဒေါ်ဖြူက ယနေ့နိုင်ငံရေးအခြေအနေ များကို အကောင်းဘက်မှ ရှုမြင် ကြောင်း ဤသို့စတင်ပြောကြားလေ ၏။ ဒေါ်ဖြူ - ငါ့မောင်ပဲစဉ်းစားကြည့် လေ။ လူတွေက ဆီလိုအပေါက်ရှာပြီး ဝေဖန်နေတာ။ ကျောင်းတွေ မတ်လ ကုန်အထိတက်ရမှာကို ဆရာတွေက ရော မိဘတွေကရော မကျေနပ်ကြ ဘူးတဲ့။ အဲဒါသူတို့ မကျေနပ်စရာ လား။ တကယ်ဆို ဝမ်းတောင်သာရ ဦးမှာ။ ဟုတ်တယ်မို့လား။ ထူးကြီး- ဘယ်… ဘယ်လိုဝမ်းသာ ရမှာလဲခင်ဗျ။ ဒေါ်ဖြူ- အမလေး ငါ့မောင်ရယ်။ ဘယ်လိုဝမ်းသာရမှာလည်း။ ကလေး တွေဟာ မျောက်ထက်ဆော့တယ်လို့ ဆိုရ