နိုင်ငံတကာသတင်း

ယူကရိန်းလေယာဉ်ကိုရည်ရွယ်ချက် မပါဘဲ မှားယွင်း ပစ်ချလိုက်မိဟုအီရန်အတည်ပြု

ယူကရိန်းလေယာဉ်ကိုရည်ရွယ်ချက် မပါဘဲ မှားယွင်း ပစ်ချလိုက်မိဟုအီရန်အတည်ပြု

ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းမှာ တဟီရန် မြို့တော်ကနေ ပျံတက်သွားတဲ့ ယူကရိန်း နိုင်ငံတကာ လေကြောင်း ခရီးစဉ်အမှတ် ၇၅၂ ကို ရည်ရွယ်ချက် မပါဘဲ မှားယွင်း ပစ်ချလိုက်မိတယ်လို့ အီရန် အစိုးရ မီဒီယာက အတည်ပြု ကြေညာသွားပါတယ်။ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ လူ့အမှား တစ်ခုကြောင့် အခုလို အခြေအနေဆိုးမျိုး ကြုံတွေ့သွားတာလို့ ဖော်ပြထားပါတယ်။ အီရန် လေကြောင်း ပို့ဆောင်ရေး တာဝန်ရှိသူတွေဟာ ဇန်နဝါရီ ၁၀ ရက် ညပိုင်းထိ ယူကရိန်း လေယာဉ်ကို အီရန်ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် အစဉ်တစိုက် ငြင်းဆိုနေခဲ့ပါသေးတယ်။ ဒီလေယာဉ် ပျက်ကျမှုမှာ စုစုပေါင်း လူ ၁၇၆ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံး ဖြစ်နေတဲ့ အချိန်မျိုးမှာ အခုလို မတော်တဆ မှားယွင်းမှု ပေါ်ပေါက်ခဲ့တာပါ။အီရန်စစ်ဘက်ရဲ့ အဆိုအရ တမင် ရည်ရွယ်တာမျိုး လုံးဝ မရှိဘဲ လူပုဂ္ဂိုလ်တွေရဲ့ မှားယွင်းဆုံးဖြတ်ချက်နဲ့ လ