AAလက်နက်ကိုင်အဖွဲ့မှ ပလက်ဝမြို့နယ်ရှိကျေးရွာမှရွာသား ၁၃၀ ကျော်ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ချင်းပြည်နယ် ၊ ပလက်ဝမြို့ ၊ကျီးလေကျေးရွာမှ ရွာသား ၁၃၀ ကျော်ကိုဇန်နဝါရီ ၁၀ ရက်က AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီ KACC မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြကပြောသည်။

ရွာသားတွေကိုပထမခေါ်သွားတာက အယောက် ၈၀ ၊ နောက်ထပ် ၅၀ ထပ်ခေါ်တယ်။ ကျန်တဲ့ရွာသားတွေကိုလည်း အပြင်ထွက်ခွင့် မပေးတာ တပတ်လောက်ရှိပြီ။ ဘာကြောင့်လဲဆိုတာ သေချာမသိ ဘူး။ ရွာသားတွေလည်းအပြင်ထွက်လို့မရဘူး။ ပထမရောက်လာ ပြီးနေတယ်။ ဝက်တွေသတ်တယ်။ ထမင်းချက်ခိုင်းတယ်။ ကောင်မလေးတယောက်ကို အဓမ္မကျင့်ဖို့လုပ်တော့ ရွာသူကြီးကို သွားတိုင်တာ ရွာသူကြီးတွေကိုရိုက်တယ်။ အဲဒီလောက်ဘဲလောလောဆယ်သိရသေးတယ်။ အခုလက်ရှိလုံခြုံရေးပိုင်းကတော့ လာတာမရှိသေးဘူး။ အကူအညီတော့တောင်းထားတယ်။လုံခြုံရေး အခြေအနေကတော့စိုးနေတယ်လို့ဘဲပြောလို့ရမယ်ဟုပြောရေးဆိုခွင့်ရှိသူ ဦးစောမြကပြောသည်။

အဆိုပါ ကျီးလေကျေးရွာမှာ ပလက်ဝမြောက်ဖက် ကုလားတန်မြစ်ကြော ရေမိုင် ၁၂ မိုင်တွင်ရှိသည့်ကျေးရွာဖြစ်ပြီးကျောင်းဆရာနှင့်ရွာသား ၂ ဦးအသက်ခံရသည့် ရွာမှာ ပလက်ဝအရှေ့ဘက် ပလက်ချောင်းအတွင်းရှိ မြို့နှင့် ၃ မိုင်ခန့်ကွာဝေးသည့်ကျေးရွာ တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ဦးစောမြက ကျောင်းဆရာနဲ့ ကျုံးဝ ဆိုတဲ့ရွာက ၂ ယောက်နဲ့ သူတို့ကရခိုင်တွေ ၊ အတူတူသောက်စား ရင်းဖမ်းခေါ်သွားတာ။ မနက်ကျတော့ပြန်မရောက်လို့ လိုက်ရှာ တော့မှ တောထဲမှာအလောင်းဘဲတွေ့တာ ဟုပြောသည်။

AA လက်နက်ကိုင်အဖွဲ့သည်ယခင်ကလည်း ပလက်ဝမြို့နယ်မှ ဝွီဝုန်းကျေးရွာမှ ပညာရေးဝန်ထမ်းချင်းလူမျိုး ဦးတောင်ပိုင်အား မတရားဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအချိန်ထိပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၊ ပညာရေးဝန်ထမ်းများအားဦးတည်ပြီး အသက် အန္တရယ်ထိပါးလာခြင်းသည် ပလက်ဝမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက်နေခြင်းဖြစ်သကဲ့သို့ ပညာ သင်ကြားရေးကိုပါထိခိုက်နစ်နာစေကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ် ညှိနှိုင်းရေးကောင်စီ KACC မှ ထုတ်ပြန်ထားသည်။

ထို့အပြင် AA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ဒေသခံအပြစ်မဲ့ ချင်းတိုင်းရင်းသားများအပေါ်နည်းအမျိုးမျိုးဖြင့် လူအခွင့်အရေးချိုးဖောက်မှုများ အပြင် ယခုအခါအမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်လုပ်ဆောင်လာခြင်းကို မိမိတို့အနေဖြင့် ပြင်းထန် စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ အစည်းအနေဖြင့် ပြစ်မှုကျူးလွန်သူအား ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းKACC မှ ထုတ်ပြန်ထားသည်။
TRK

zawgyi

AAလက္နက္ကိုင္အဖြဲ႕မွ ပလက္ဝၿမိဳ႕နယ္ရွိေက်းရြာမွရြာသား ၁၃၀ ေက်ာ္ဖမ္းဆီးေခၚေဆာင္သြားဟုဆို

ခ်င္းျပည္နယ္ ၊ ပလက္ဝၿမိဳ႕ ၊က်ီးေလေက်းရြာမွ ရြာသား ၁၃၀ ေက်ာ္ကိုဇန္နဝါရီ ၁၀ ရက္က AA လက္နက္ကိုင္အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္းခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ ညႇိႏွိုင္းေရးေကာင္စီ KACC မွ ေျပာေရးဆိုခြင့္ရွိသူ ဦးေစာျမကေျပာသည္။

ရြာသားေတြကိုပထမေခၚသြားတာက အေယာက္ ၈၀ ၊ ေနာက္ထပ္ ၅၀ ထပ္ေခၚတယ္။ က်န္တဲ့ရြာသားေတြကိုလည္း အျပင္ထြက္ခြင့္ မေပးတာ တပတ္ေလာက္ရွိၿပီ။ ဘာေၾကာင့္လဲဆိုတာ ေသခ်ာမသိ ဘူး။ ရြာသားေတြလည္းအျပင္ထြက္လို႔မရဘူး။ ပထမေရာက္လာ ၿပီးေနတယ္။ ဝက္ေတြသတ္တယ္။ ထမင္းခ်က္ခိုင္းတယ္။ ေကာင္မေလးတေယာက္ကို အဓမၼက်င့္ဖို႔လုပ္ေတာ့ ရြာသူႀကီးကို သြားတိုင္တာ ရြာသူႀကီးေတြကိုရိုက္တယ္။ အဲဒီေလာက္ဘဲေလာေလာဆယ္သိရေသးတယ္။ အခုလက္ရွိလုံျခဳံေရးပိုင္းကေတာ့ လာတာမရွိေသးဘူး။ အကူအညီေတာ့ေတာင္းထားတယ္။လုံျခဳံေရး အေျခအေနကေတာ့စိုးေနတယ္လို႔ဘဲေျပာလို႔ရမယ္ဟုေျပာေရးဆိုခြင့္ရွိသူ ဦးေစာျမကေျပာသည္။

အဆိုပါ က်ီးေလေက်းရြာမွာ ပလက္ဝေျမာက္ဖက္ ကုလားတန္ျမစ္ေၾကာ ေရမိုင္ ၁၂ မိုင္တြင္ရွိသည့္ေက်းရြာျဖစ္ၿပီးေက်ာင္းဆရာႏွင့္ရြာသား ၂ ဦးအသက္ခံရသည့္ ရြာမွာ ပလက္ဝအေရွ႕ဘက္ ပလက္ေခ်ာင္းအတြင္းရွိ ၿမိဳ႕ႏွင့္ ၃ မိုင္ခန႔္ကြာေဝးသည့္ေက်းရြာ တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ပက္သက္၍ဦးေစာျမက ေက်ာင္းဆရာနဲ႔ က်ဳံးဝ ဆိုတဲ့ရြာက ၂ ေယာက္နဲ႔ သူတို႔ကရခိုင္ေတြ ၊ အတူတူေသာက္စား ရင္းဖမ္းေခၚသြားတာ။ မနက္က်ေတာ့ျပန္မေရာက္လို႔ လိုက္ရွာ ေတာ့မွ ေတာထဲမွာအေလာင္းဘဲေတြ႕တာ ဟုေျပာသည္။

AA လက္နက္ကိုင္အဖြဲ႕သည္ယခင္ကလည္း ပလက္ဝၿမိဳ႕နယ္မွ ဝြီဝုန္းေက်းရြာမွ ပညာေရးဝန္ထမ္းခ်င္းလူမ်ိဳး ဦးေတာင္ပိုင္အား မတရားဖမ္းဆီးေခၚေဆာင္သြားၿပီး ယခုအခ်ိန္ထိျပန္လႊတ္ေပးျခင္း မရွိေသးေၾကာင္း ၊ ပညာေရးဝန္ထမ္းမ်ားအားဦးတည္ၿပီး အသက္ အႏၲရယ္ထိပါးလာျခင္းသည္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ပညာေရးဝန္ထမ္းမ်ားအား ၿခိမ္းေျခာက္ေနျခင္းျဖစ္သကဲ့သို႔ ပညာ သင္ၾကားေရးကိုပါထိခိုက္နစ္နာေစေၾကာင္း ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ ညႇိႏွိုင္းေရးေကာင္စီ KACC မွ ထုတ္ျပန္ထားသည္။

ထို႔အျပင္ AA လက္နက္ကိုင္အဖြဲ႕ႏွင့္ တပ္မေတာ္တို႔ၾကား ျဖစ္ပြားသည့္တိုက္ပြဲမ်ားေၾကာင့္ ေဒသခံအျပစ္မဲ့ ခ်င္းတိုင္းရင္းသားမ်ားအေပၚနည္းအမ်ိဳးမ်ိဳးျဖင့္ လူအခြင့္အေရးခ်ိဳးေဖာက္မႈမ်ား အျပင္ ယခုအခါအမ်ိဳးသမီးမ်ားအေပၚလိင္ပိုင္းဆိုင္ရာအၾကမ္းဖက္က်ဴးလြန္လုပ္ေဆာင္လာျခင္းကို မိမိတို႔အေနျဖင့္ ျပင္းထန္ စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္းႏွင့္ သက္ဆိုင္ရာလက္နက္ကိုင္အဖြဲ႕ အစည္းအေနျဖင့္ ျပစ္မႈက်ဴးလြန္သူအား ထိေရာက္စြာအေရးယူ ေဆာင္ရြက္ေပးရန္ တိုက္တြန္းေၾကာင္းKACC မွ ထုတ္ျပန္ထားသည္။
TRK

Leave a Reply

Your email address will not be published. Required fields are marked *