စေတနာနဲ့ ပြောတာပါ-သရဝဏ်(ပြည်) ထူးကြီးမူးကြီးဆွေးနွေးခန်း

တစ်နေ့သ၌ ကျွန်ုပ်ထူးကြီး သည် ဘော်ဒါကြီး မူးကြီးနှင့်အတူ လမ်းထိပ် ဒေါ်ဘုမဘုံဆိုင်သို့ ထွင် လာခဲ့ရာ အရက်ဖြူတစ်ပိုင်းကုန် လောက်အကြာတွင် အမြည်းထွက် ဝယ်ရာမှ လွန်စွာဉာဏ်ရည်ထက်မြက် လှပြီး လွန်စွာမှလည်း နိုင်ငံရေးအ တွေးအခေါ် ကြွယ်ဝကာ စကားတတ် လှသောအသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် တွေ့ဆုံ စကားပြောခွင့်ရခဲ့လေ၏။ အမျိုးသမီး ကြီးအမည်မှာ ဒေါ်ဖြူဆိုကြပါစို့။ ဒေါ်ဖြူက ယနေ့နိုင်ငံရေးအခြေအနေ များကို အကောင်းဘက်မှ ရှုမြင် ကြောင်း ဤသို့စတင်ပြောကြားလေ ၏။

ဒေါ်ဖြူ – ငါ့မောင်ပဲစဉ်းစားကြည့် လေ။ လူတွေက ဆီလိုအပေါက်ရှာပြီး ဝေဖန်နေတာ။ ကျောင်းတွေ မတ်လ ကုန်အထိတက်ရမှာကို ဆရာတွေက ရော မိဘတွေကရော မကျေနပ်ကြ ဘူးတဲ့။ အဲဒါသူတို့ မကျေနပ်စရာ လား။ တကယ်ဆို ဝမ်းတောင်သာရ ဦးမှာ။ ဟုတ်တယ်မို့လား။
ထူးကြီး- ဘယ်… ဘယ်လိုဝမ်းသာ ရမှာလဲခင်ဗျ။
ဒေါ်ဖြူ- အမလေး ငါ့မောင်ရယ်။ ဘယ်လိုဝမ်းသာရမှာလည်း။ ကလေး တွေဟာ မျောက်ထက်ဆော့တယ်လို့ ဆိုရိုးရှိတယ်မဟုတ်လား။ မောင်ရင့် မှာ သူငယ်တန်းအရွယ် ကလေးတစ် ယောက်ရယ်၊ နှစ်တန်းအရွယ်ကလေး တစ်ယောက်ရယ် ရှိပြီဆိုပါတော့။ သူတို့ကျောင်းပိတ်ရင် မောင်ရင်တို့ လင်မယား ဘယ်လောက်အလုပ်ရှုပ် လိုက်မလဲ။ ကလေးနှစ်ယောက်ထိန်း ရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး နော်။ မောင်ရင် သူတို့ကိုလိုက်ကြည့် နေရတဲ့အတွက် ငွေရှာတဲ့ကိစ္စကို ကောင်းကောင်းမလုပ်နိုင်ဘူး၊ အလုပ် ပျက်မယ်။ ဝင်ငွေထိခိုက်မယ်။ မိခင် တွေကျတော့လည်း စျေးသွားဟယ်၊ အဝတ်လျှော်ဟယ်၊ ချက်ရေးပြုတ် ရေးလုပ်ဟယ်နဲ့ တစ်နေ့တစ်နေ့ အားရ၊ နားရတာမဟုတ်ဘူး။ ကလေး တွေကို အချိန်ပြည့်လိုက်ကြည့်မနေ နိုင်အားဘူး။ အချိန်ပြည့် လိုက်ကြည့် နေမယ်ဆိုရင်လည်း မီးဖိုချောင်ကို ပစ်ထားရလို့ မောင်ရင်တို့ ညစာရော၊ နေ့စာရော ငတ်ဖို့ကိန်းရှိတယ်။ ကလေး တွေကို ကြည့်ဖို့ရှုဖို့ အိမ်ဖော်ငှား ပါပြီတဲ့။ လခ,က မသေးဘူးနော်။ ပြီးတော့ အိမ်ဖော်ကိုကျွေးရမွေးရမှာ ရှိသေးတယ်။ ဒီကြားထဲ အိမ်ဖော်က ခြေဆော့ လက်ဆော့လုပ်ရင်လုပ်။ ဒါ့ထက်ဆိုးတာက သီဟတင်စိုးတို့ အိမ်က အိမ်ဖော်ဇင်မာမြင့်လို သူ့ကို မဟားတရားကြံပါတယ်ဆိုပြီး လီ ဆယ်ပြီးအမှုဖွင့်ရင် ဟုတ်တာ မဟုတ် တာ နောက်မှရှင်း၊ အရင်ဆုံးအချုပ်ထဲ သွားရမှာနော်။
ထူးကြီး- ဟုတ်၊ ဟုတ်၊ ဟုတ်။ကြောက်စရာကြီးပါလား။
ဒေါ်ဖြူ- အဲဒါကိုပြောနေတာပေါ့။ ကလေးတစ်ယောက်ထိန်းရတာလွယ် မှတ်လို့။ အခုလို နိုင်ငံတော်ကဆရာ၊ ဆရာမတွေ အခမဲ့ တစ်လတိုးပြီး ကလေးထိန်းခိုင်းလိုက်တော့ ပိုက်ဆံ လည်းမကုန်၊ အိမ်ဖော်လည်းခေါ်စရာ မလိုတဲ့အပြင် မိဘတွေမှာလည်း ကလေးတွေ ကျောင်းကိုပို့ထားတော့ အိမ်မှာကဲလို့ရ (အဲလေဟုတ်ပါဘူး)အိမ်မှာ ချက်ရေးပြုတ်ရေးကအစ စိတ်ကြိုက်လုပ်နိုင်တာပေါ့။ ဒါ့ကြောင့် မတ်လကုန်အထိ ကျောင်းချိန်တစ်လ တိုးတာ ကျွန်မတော့ ထောက်ခံတယ်။ နိုင်ငံခြားမရောက်ဖူးပေမယ့် နိုင်ငံ တကာမှာဆိုလား၊ ကမ္ဘာမှာဆိုလား ဂမ်ဘီယာမှာဆိုလား အဲဒီလိုပဲ လုပ် ကြတာပဲတဲ့။ ပညာရေးဝန်ကြီးပြော တာ ကျွန်မဖတ်ဖူးတယ်။ အဲဒီတော့ ရှင် ဆရာ၊ ဆရာမတွေက ဖဲကြိုးစိမ်း တွေ၊ ဖဲကြိုးနီတွေ လျှောက်ဝတ်ပြီး အလကား ဆန္ဒပြနေတာပါ။ အစိုးရ က ကောင်းစေချင်လို့စီမံတာ နာခံ လိုက်ရုံပေါ့။ ဟိုတလောကတောင် အစိုးရသတင်းစာထဲမှာ အစိုးရဟာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်လို့ ပါရှိ သေးတယ် မဟုတ်လား။

ထူးကြီး- ဟုတ်၊ ဟုတ်၊ ဟုတ် မယ်ထင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဗဟုသုတရှိတော့မေးရဦးမယ်။ အစိုးရ အရာရှိပိုင်းတွေ ညွန်မှူး၊ ညွန်ချုပ် တွေ၊ လွတ်တော်အမတ်တွေ၊ ဝန်ကြီး တွေ ကားပါမစ်တွေ ရကြတော့ မယ်ဆို။ ကျုပ်တို့ပြည်သူလူထုကျ ဘာမှမရတဲ့အပြင် ကားဟောင်းလေး ပြန်ဝယ်စီးထားတာ ကိုယ့်နာမည် ပြောင်းရင်တောင် အခွန်(၃)ရာခိုင် နှုန်းဆောင်ရတော့မယ်ဆိုတာ တရား လား။
ဒေါ်ဖြူ – ရှင်တို့က တယ်အမြင်ကျဉ်း တာကိုး။ ဒီမှာ ကျွန်မပြောပြမယ်။ NLDအစိုးရ စတက်လာခါစတုန်း က လွတ်တော်အမတ်တွေ၊ ဝန်ကြီး တွေ၊ ဝန်ကြီးချုပ်တွေဆိုတာ ကား မပြောနဲ့ စက်ဘီးလောက်ပဲရှိတာ။ ရုံးလာတာတို့၊ လွတ်တော်တက်တာ တို့ဆိုရင် စက်ဘီးနဲ့ပဲလာကြရတာ။ အနားယူသွားတဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီကြီးဆိုရင် စက်ဘီးပဲစီးခဲ့တာ။ ဒါပေမဲ့ ရှင်တု့ိ စဉ်းစားကြည့်။ အမတ်တွေ၊ ဝန်ကြီး တွေ စက်ဘီးစီးလာတာ လေးနှစ် ကျော်လာပြီ။ သူတို့လည်း စက်ဘီး နင်းရလွန်းလို့ခြေတိုနေပြီ။ ပြီးတော့ စက်ဘီးရဲ့ ကျွတ်တို့၊ တာယာတို့၊ ခွေတို့၊ စပုတ်တို့၊ ဖရီးဝှီးတို့၊ ခြေနင်း တို့၊ ဟယ်ဒယ်လ်တို့၊ ဘရိတ်တို့ဆို တာတွေကလည်း အကုန်ချောင်ကုန် ပြီ။ စီးလို့မဖြစ်လောက်အောင်ကို ဖြစ်ကုန်ပြီ။ သူတို့ဟာ လွတ်တော်နား ချိန်မှာလည်း နယ်ကိုဆင်းရသေး တယ်။ လှိုင်သာယာတို့၊ မြောက်ဥက္က လာတို့၊ ရွေပြည်သာတို့၊ ရွေပေါက်ကံ တို့၊ ဒဂုံမြို့သစ်တို့ စတဲ့နယ်တွေမှာ ဆို ဆိုင်ကယ်နဲ့သွားရင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဆိုင်ကယ်စီးနင်း ခွင့်ကို ဒေသန္တရအမိန့်ဆိုလား ဥပဒေ နဲ့တားမြစ်ထားတယ်။ အဲဒီတော့ ဆိုင်ကယ်န့ဲ သွားလို့မရဘူး။
ထူးကြီး- ကျွန်တော်မြင်တာတော့ ရန်ကုန်မှာ ရဲတွေရော၊ အုပ်ချုပ်ရေး မှူးတွေရော ဆိုင်ကယ်စီးနေကြတာပဲ၊ သူတို့ကျ တရားဝင်သလား။
ဒေါ်ဖြူ- အို ဒါတွေပြောနေ ကျယ် ပြန့်ပါတယ်။ ဒီမှာရှင်မှတ်ထားဖို့က ဥပဒေဆိုတာ သားရေကွင်းလိုပဲ။ ဆွဲဆန့်ရင် အကျယ်ကြီးကျယ်ပြန့် တယ်။ မဆွဲဘဲထားရင် သေးသေး လေး။ မလိုအပ်ရင် လုံးခြေပြီး လွင့် ပစ်လို့ရသေးတယ်။ အဲဒီတော့ ရဲတွေ ဆိုင်ကယ်စီးသလေး ဘာလေးပြော မနေနဲ့။ ရှင်မေးတဲ့ အဓိကအကြောင်း က လူကြီးတွေကို၊ အစိုးရညွန်မှူး ညွန်ချုပ်ကြီးတွေကို ကားပါမစ်ချပေး တဲ့ကိစ္စ မဟုတ်လား။ အဲဒါနိုင်ငံ တော်ရဲ့စေတနာတွေ။ လူတွေမသေ စေချင်လို့။
ထူး- ဘာဆိုင်လို့လဲဗျ။
ဖြူ- ဆိုင်ပါသော်ကောရှင်။ အခု မြန်မာနိုင်ငံမှာ ပရမ်းပတာမောင်း နေကြတဲ့ မော်တော်ယာဉ်တွေဟာ ညာမောင်းကားတွေ။ ဟိုင်းဝေးလမ်းမ ကြီးပေါ်ရောက်လို့ ရှေ့ကားကိုကျော် တက်မယ်ဆိုရင် ရှေ့ကဘာလာနေ တယ်ဆိုတာ သေသေချာချာ မမြင် နိုင်တဲ့ (ဒရိုင်ဘာကကားညာဘက်မှာ ထိုင်နေရတဲ့) ညာမောင်းကားတွေရှင့်။ အခုတင်သွင်းမယ်လို့ လူကြီးတွေ၊ အမတ်တွေ၊ ဝန်ကြီးတွေကို ပါမစ် တွေချပေးလိုက်တဲ့ ကားတင်သွင်း ခွင့်က ဘယ်မောင်းကားတွေ။ ဒါ ကြောင့် ဒီဘယ်မောင်းကားသစ်ကြီး တွေနဲ့သွားရင် ဘယ်တော့မှ ကား အက်ဆီးဒင့် မဖြစ်နိုင်တော့ဘူး။ ပြည်သူတွေ မာလကီးမယားနိုင်တော့ ဘူး။ ပြီးတော့ စျေးကြီးနေတဲ့အပေါ် ကားစျေးကွက်လည်း ပြန်ပြီးလှုပ် လှုပ်ရှားရှားဖြစ်လာမယ်။ ကားပွဲစား တွေလည်း အလဲအထပ်စျေးကွက်တွေ သက်ဝင်လှုပ်ရှားလာမယ်။ မြန်မာ နိုင်ငံရဲ့ နှေးကွေးလေးလံနေတဲ့ ပြည် တွင်းစားသုံးသူ စျေးကွက်ကြီးပြန် လည် ဦးမော့လာမယ်။ ပြည်တွင်း အသားတင်ထုတ်လုပ်မှု ွီဏ ဟာ ဆိုရင်လဲ။
ထူး- အမလေး တော်ပါတော့ဗျာ။ ကျုပ်လက်မြှောက်ပါပြီ။
ဖြူ- ကျွန်မကလည်း ဆက်ပြောချင် ပေမယ့် ဟိုမှာ ကျွန်မယောကျ်ားခေါ် နေလို့ သွားလိုက်ဦးမယ်ဟုဆိုကာ ဒေါ်ဖြူသည် ပျာယီးပျာယာဖြင့် ခေါင်းကိုမော့ကာ ထွက်ခွာသွားလေ သည်။ ထိုအခါ ကျွန်ုပ်မိတ်ဆွေမူးကြီး သည် ကျွန်တော့်အနားသို့ ရောက်လာ ကာ ‘သြော် မဖြူနဲ့မှတွေ ့နေတာပဲ’ ဟုပြောလေ၏။
ထူး – မင်းနဲ့သိသလားကွ မူးကြီးရ၊ ဒီမိန်းမက ဘာအလုပ်လုပ်တာလဲ။ သူ့ယောကျ်ားကရော ဘာအလုပ်လုပ် လဲ။ ပြောသွားတာတွေကတော့ အစိုးရဘက်ကိုထိရင် တစ်ခွန်းမှ ခံမယ့်ပုံ မပေါ်ဘူးကိုယ့်လူ။ အာဂ မိန်းမပဲ။
မူး – မင်းမသိဘူးလား။ ဒီမိန်းမက ငါတို့လမ်းထိပ်က ကျောင်းမုန့်စျေး တန်းမှာ မုန့်ရောင်းတယ်။
ထူး- ဟင်။
မူး- သူ့ယောကျ်ားက ကားပါမစ် ဝယ်ရောင်း၊ ကားပွဲစား။
ထူး- ဟိုက်။

Leave a Reply

Your email address will not be published. Required fields are marked *